Skip to main content

Sep 21, 2021

လူကိုနှိပ်စက်ဖျက်ဆီးတတ်သည့် ရန်သူမျိုးတို့တွင် ရေဘေးအန္တရာယ်သည်လည်း အပါအဝင်ဖြစ်သည်။ မိုးရေချိန် စံချိန်တင်ကာ မိုးရွာသွန်းမှု များပြားသည့်ဒေသများနှင့် မြစ်နီး၊ ချောင်းနီး အနိမ့်ပိုင်းဒေသများ ရေကြီးရေလျှံသည့် သတင်းများ၊ ကားလမ်း များတွင်ရေကျော်ခြင်းကြောင့် အဆက်အသွယ် အသွားအလာများ ယာယီပြတ်တောက်သည့် သတင်းများ၊ လမ်းတံတားများ မျောပါ ပျက်စီးသည့်သတင်းများကို မီဒီယာများနှင့် လူမှုကွန်ရက်တို့တွင် ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့မြင်နေရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသဖြစ်စဉ်များ ပြောင်းလဲလာမှုများကြောင့် သဘာဝဘေးအန္တရာယ်တို့က ပိုမိုပြင်းထန် ဆိုးရွားလာနိုင်ကြောင်းလည်း ပညာရှင်တို့က သတိပေးမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ရေးမြို့နယ် ချောင်းတောင်ကျေးရွာ တံတား(ချောင်းတောင်) တံတားထိပ်ရှိ စစ်ကောင်စီ တပ်ဖွဲ့၏ စစ်ဆေးရေး ဂိတ်တစ်ခုအား ယနေ့နေ့ မွန်းလွဲ ၃ နာရီခန့်က ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YSTF မှ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲနေစဉ် ရေးမြစ်ကူး တံတားအောက်ရှိ ကင်းပုန်းမှာ စစ်ကောင်စီတပ်ဖွဲ့မှ ဆက်တိုက် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း ဒေသခံပြည်သူများထိခိုက်မည်ကို မလိုလားသည့်အတွက် ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိဘဲ ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ (YSTF)တပ်သားများ ဆုတ်ခွာခဲ့ကြောင်းနှင့် အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးနှင့် ရဲတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း YSTF က ထုတ်ပြန်ထားပါသည်ဟု မွန်ပြည်နယ် သံလွင်တိုင်းမ်သတင်း page မှ ရေးသားဖော်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ ရွှေမျောတွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် ဦးစန်းဝင်း၊ ဒေါ်မိချစ်နှင့် သား(၃)ယောက်အား NLD အကြမ်းဖက်သမားများက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် အရှိန်မြှင့်တင်ဆောင်ရွက်ရေး အာဆီယံ ဝန်ကြီးများဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာန ဝန်ကြီးများ၊ အာဆီယံ အတွင်းရေး မှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ e-Government ဦးစီးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ခန်းမ အစည်းအဝေးခန်းမ (၄)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း များနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း(၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ(၇)ခုမှ ယာဉ်စီးရေ (၁၇)စီးဖြင့် အောက်ဆီဂျင်အရည် Browser ယာဉ်(၂)စီးဖြင့် တန်(၄၀)၊ အောက်ဆီဂျင် (အိုးခွံ) (၃၈၆၇) ခု၊ Oxygen Plant (၅၅)ခု၊ အိမ်သုံး Oxygen Concentrator (၁၈၀) ခုနှင့် နှာခေါင်းစည်း (Mask) (၂၄) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် Browser ယာဉ်(၂)စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ပြီး Oxygen Plant (၅၅) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ အခု(၅၀) နှင့် မူဆယ်မှ ရန်ကုန်မြို့သို့(၃)ခု၊ သာစည်မြို့ သို့(၁)ခု၊ ချင်းရွှေဟော်မှ ပြင်ဦးလွင်မြို့သို့ (၁)ခုဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဉီးဌေးလှိုင်နှင့် အတူ ယနေ့နံနက်(၉) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်း ကျောင်းသို့သွားရောက်၍ သင်တန်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

နေပြည်တော် ကောင်စီမှ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံပါဝင် ဆောင်ရွက် ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လယ်ဝေးခရိုင် ဘဏ်ခွဲမှ တောင်သူ ဦးကြီးများသို့ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်တို့ရှိ ဂရန်အင်း များ၏ စုပေါင်းငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စဉ့်ကူးမြို့ ကုက္ကိုလ်ပင်ဆိပ်၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၌ အဆောက်အဦဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး တည်ဆောက်ရေးလုပ်ငန်းခွင် သို့ ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက် အရ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်သည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ် ချောင်းမငယ်ရေလှောင်တမံသို့ ယနေ့နံနက် ၈ နာရီတွင် ရောက်ရှိပြီး ရေပေါ် ငါးမွေးလှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းကို သရုပ်ပြမွေးမြူခြင်း ဆောင်ရွက် နိုင်ရန်အတွက် သဘာဝနှင့် ကိုက်ညီသည့် ငါးသားပေါက်များအား ရေပေါ်လှောင်အိမ်အတွင်းသို့ မျိုးစိုက်ထည့်ပေး ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ်၂၄ မျိုးရှိပြီး ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက် မြခွာညို လမ်းတွင်ရှိသော မိကျောင်းထိန်းသိမ်းရေးနှင့် အပန်းဖြေစခန်းတွင်ရှိသည့် ရေငန်မိကျောင်း (ငမိုးရိပ်မိကျောင်း) လည်း အပါအဝင်ဖြစ်ရာ ထိုစခန်း၌ မျိုးသုဉ်းလုနီးပါး ရှိနေသော ရေငန်မိကျောင်းများကို မွေးမြူထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်