Sep 21, 2021
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခြင်းအပေါ် ပြန်လည်ကုစားရေး၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းနှင့် ဝန်ကြီးဌာနအားလုံး တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
Sep 21, 2021
မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Sep 21, 2021
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ် ဖေါ်ပြအပ်ပါသည်။
Sep 21, 2021
မန္တလေးတိုင်းဒေသကြီး နတ်ရေကန် ငါးလုပ်ငန်းစခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ နတ်ရေကန်ငါးစခန်း တွင် ဖွင့်လှစ်ပို့ချပေးသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။
Sep 21, 2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 21, 2021
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 21, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကို ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ စက်တင်ဘာ ၂၀ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ သုံးခုမှ Zinc Tablets ၁၄၆ ခု၊ Paracetamol Tablets ၃၈၃၂ ခု၊ Benzyl Benzoate Lotion ၁၁၅၀၊ Phytomenadi အခု ၆၀၊ Vitamin-C Tablets ၇၀၇၄ ခု၊ Vitamin-C + Zinc Tablets ၅၀၄၄ ခု၊ Amero Powder For Injection အခု ၁၅၀၀၀၊ Faceshield အခု ၁၇၀၀၀၊ Thermometer ၁၂၇၇ ခု၊ Mask အခု ၈၅၀၊
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်များကို တပ်မတော်ဆေးရုံများ ကျန်းမာရေးဌာနများနှင့် ကိုဗစ် စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓ္ဓမလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးများနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Sep 21, 2021
ကလေးနှင့် ဆယ်ကျော်သက်အရွယ်များတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။
Sep 21, 2021
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရတနာ့မာန်အောင်တောရရိပ်သာ ဆရာတော် အဂ္ဂမဟာကမ္မဌာနာ စရိယဘဒ္ဒန္တဝါယာမိန္ဒ အမှူးပြုသော စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေနေရာပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ ကျားရုပ် ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာ မြောက်ဦးမြို့ ရတနာ့မာန်အောင် တောရရိပ်သာ ဆရာတော် ကြွရောက်တော်မူပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။ ။
Sep 21, 2021
မန္တလေးမြို့ အရှေ့ပြင်နယ်လုံးဆိုင်ရာ ပြည်ကြီး မျက်မှန်ရပ်ကွက်ရှိ မဟာလောက ရန်ငြိမ်အောင်တော်မူ မြတ်စွာဘုရား ဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား အဆိုပါ ဘုရားပရိဝုဏ် အတွင်းရှိ ယာယီစံကျောင်းတော် အောင်ဓမ္မာရုံမှ မူလစံကျောင်းတော် သာသနာ့ ဗိမာန်သို့ ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ ဒိုက်ဦးကျောင်းဦးစီးပဓာန ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ ဇောတိကာဘိဝံသ အမှူးပြုသောသံဃာတော်များ ကြွရောက် တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
Sep 21, 2021
မန္တလေးတိုင်းဒေသကြီးတွင် လမ်းအရေအတွက်ပေါင်း ၇၄ လမ်း၊ မိုင်အရှည် ၁၆၀၈ မိုင် ၃ ဖာလုံ ၃၆၄ ပေ၊ ပေ ၁၈၀ အထက် တံတား ၆၉ စင်း၊ ပေ ၁၈၀ အောက် (Box Culvert အပါအဝင်) တံတား ၅၃၅၈ စင်းရှိကာ ခရီးလမ်းပန်းအဆင်ပြေစွာဖြင့် စည်ပင်ဖွံ့ဖြိုးနေသည့် မြန်မာနိုင်ငံ၏ တတိယမြို့တော်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေး ဆုံရာဒေသ နှင့် စီးပွားရေးအချက်အချာကျရာ ဒေသလည်းဖြစ်သည်။ ထိုကြောင့် တိုင်းဒေသကြီးအတွင်း လမ်းကွန်ရက်၊ တံတားကွန်ရက် ကောင်းမွန် စေရန်အတွက် အဆင့်မြှင့်တင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း နှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၂ ခုမှ ငွေကျပ် ၂ သိန်းကျော် တန်ဖိုးရှိ အိမ်သုံးဆေးဝါး ၁၆၈ မျိုးအား ရောင်းချပေးခဲ့သည်။
Sep 21, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Virtual ပုံစံဖြင့် ကျင်းပသည်။
Sep 21, 2021
"မိမိတို့နိုင်ငံသည် ပြည်မကိုဗဟိုပြု၍ တိုင်းရင်းသားဒေသများနှင့် ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆ ကွဲလွဲမှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်၊ မိမိနိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့်သုံးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် တစ်ဗိုလ် တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှု ရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့်အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်း ဆောင်ရွက်မှသာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၉ ရက်တွင် လားရှိုးတပ်နယ်ခန်းမ ၌ ပြောကြားခဲ့သည်။
