Feb 23, 2023
ဟုမ္မလင်းခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင်တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည်။ ဟုမ္မလင်းခရိုင်သည် အရှေ့မှအနောက်သို့ ၈၆ မိုင် ရှိပြီး တောင်မှမြောက်သို့ ၈၄ မိုင် ရှည်လျားကာ ၄၃၂၆ ဒသမ ၄၄၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ တောင်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။
Feb 22, 2023
ယနေ့ကမ္ဘာတွင် နည်းပညာမြင့်မားလာမှု၊ လူနေမှုအဆင့်အတန်းနှင့်နေထိုင်မှုပုံစံများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ပလတ်စတစ်သည် လူသားတို့၏ နေ့စဉ်ဘဝတွင်မရှိမဖြစ် အခြေခံလိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ပလတ်စတစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်သုံးစွဲလာကြသည့်အတွက် ပလတ်စတစ်ညစ်ညမ်းမှုသည် အရေးတကြီးဖြေရှင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပါသည်။
Feb 21, 2023
နိုင်ငံရေးပါတီဆိုသည်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ် အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသောအဖွဲ့အစည်း”ကို ဆိုသည်။
Feb 21, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တည်ထား ကိုးကွယ်ဖို့ ဆောင်ရွက်လျက်ရှိတဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရဲ့ ဆင်းတုတော်ကို အပိုင်းလိုက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော် ခြင်း မဟာမင်္ဂလာမြင်ကွင်းတွေကို ဖူးမြင်ရတာ ဝမ်းမြောက်ကြည်နူးစရာဖြစ်ရသလို ထေရဝါဒ ဗုဒ္ဓဘာသာဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ရတယ်။
Feb 20, 2023
နာရီ၊ မိနစ်၊ စက္ကန့်တို့ဖြင့်ဖွဲ့စည်းထားသည့် အချိန်ကာလယန္တရားသည် တဖြည်းဖြည်းရွေ့ လျားနေသည်နှင့်အမျှ ဆောင်းကာလလွန်မြောက်၍ နွေကာလသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ တစ်ရက်နှင့်တစ်ရက် အအေးဓာတ်က သိသိသာသာ လျော့ပါးကာ နွေရက်များနှင့် တူလာသည်။ နွေဦးလေရူးနှင့်အတူ ရွက်ဟောင်းများကြွေကြသည်။ နွေကာလတွင် ရွက်ဟောင်းကြွေကျမြေခရသည်မှာ လောကသဘာဝဖြစ်သော်လည်း မြေဆီလွှာတွင် ရေဓာတ်ခန်းခြောက်သဖြင့် ရွက်သစ်မဝေနိုင်ဘဲ သွေ့ခြောက်သွားခဲ့ရသည့် သစ်ပင်တို့မှာ အများအပြား။
Feb 20, 2023
နိုင်ငံရေးပါတီဆိုသည်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရား တစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်း”ကို ဆိုသည်။
Feb 19, 2023
သတင်းနဲ့နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့ နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမားပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ ပိုပြီးလည်း အသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုကို ဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။
Feb 18, 2023
သတင်းနဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းမီဒီယာနဲ့ လူမှုကွန်ရက်တွေဆိုတာက ရှောင်လွှဲလို့မရတော့ပါဘူး။ အင်တာနက်နဲ့ လူမှုကွန်ရက်တွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝတွေမှာ ကြီးကြီးမားမား ပါဝင်နေကြပါတယ်။ လူတိုင်းရဲ့လိုအပ်ချက်တွေကို အင်တာနက်နဲ့ လူမှုကွန်ရက်တွေက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အထောက်အကူပြုပေးနေတာမို့ပိုပြီးလည်းအသုံးများလာပါတယ်။ တချို့သူတွေအတွက်ဆို အင်တာနက်ဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုကိုဖြစ်နေပါပြီ။ အင်တာနက်တွေ အရင်ကထက်မြန်ဆန်လာတာ၊ နည်းပညာပစ္စည်းတွေ အချိန်နဲ့အမျှ တိုးတက်လာတာတွေကြောင့်လည်း လူတွေဟာ နည်းပညာတွေအပေါ် ပိုပြီးအားကိုးနေရပါတယ်။
Feb 17, 2023
နွေကံ့ကော်(မြို့လှ)
သူတို့အခေါ် ရပ်ဆီးယား ကျွန်တော်တို့အခေါ် ရုရှား။
သူတို့အခေါ် မာ့စ်ကဗား ကျွန်တော်တို့အခေါ် မော်စကို။
ဘဝရဲ့အမှတ်တရအရှိဆုံးထဲက အမှတ်တရ တစ်ခုကို ရွေးထုတ်ပြပါဆိုလျှင် ရုရှားနိုင်ငံ၌ ပညာသင်ခဲ့ဖူးသည့် အချိန်ကာလကို ညွှန်ပြရမည် ဖြစ်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ ၂၀၁၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းအထိ ရုရှားနိုင်ငံ မော်စကို မြို့တွင်ရှိသော မော်စကို မီးရထားတက္ကသိုလ်၌ ကျွန်တော်အပါအဝင် အခြားသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ ယနေ့ဆိုလျှင် ရုရှားမှ ပြန်လာခဲ့သည်မှာ ၁၁ နှစ်ကျော်ခဲ့ပြီဖြစ်၏။ ပြန်တွေးကြည့်လျှင် အိပ်မက်တစ်ခုနှယ်ပင် ရှိနေသေး၏။
