Mar 13, 2023
နွေရာသီက မပီပြင်သေးပါဘူး။ မီးနံ့များကနေရာအနှံ့မှ ကြားနေရပါပြီ။ နွေဦးဂီတဆရာ ကိုဥသြ၏ အလွမ်းတေးထက်ပင် စောချင်နေသေးသည်။ မည်သို့ဖြစ်ကြသည်မသိ၊ လောင်ကိုလောင်မှရမည် ဆိုသည်မျိုးဖြစ်နေသည်။ သတိပြုကြစေချင်သည့် စေတနာကအရင်းခံပါ။ သွားသတိ၊ လာသတိ၊ စားသတိနှင့်ဆိုသကဲသို့မျိုး မီးနှင့်ပတ်သက်လာလျှင်လည်း ဖယောင်းတိုင်မီး၊ မီးခွက်မီး၊ ထင်းမီး၊ လျှပ်စစ် မီး၊ ဂတ်စ်မီး စသည်ဖြင့် မည်သည့်မီးပင်သုံးသုံး သတိတစ်လုံးလက်ကိုင်သုံးပြီး သတိနှင့်မီးအမြဲ ယှဉ်ကာအသုံးပြုစေချင်သည်။ အဘယ်ကြောင့်ဆိုသော် “လူခိုးလျှင်တော့ အစုတ်ကျန်၊ မီးခိုးလျှင်တော့ အပြုတ်နှံ”သောကြောင့် လက်တို့နေရခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်သည် အခြားဘေးအန္တရာယ်တို့ထက် ဖြစ်ပွားမှုနှုန်းပိုများသောကြောင့်ပင်ဖြစ်သည်။
Mar 13, 2023
ချင်းပြည်နယ်နှင့်ပတ်သက်ပြီး ကျွန်တော်ပထမဆုံးရေးဖြစ်ခဲ့သော ဆောင်းပါးနာမည်ဖြစ်သည်။ ရုန်းတောင်ခြေမှ အလင်းတန်းများ....ဟူ၍။ အချိန်ကာလအားဖြင့် တွက်စစ်ကြည့်သော် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့သော အဋ္ဌမအကြိမ်မြောက် ကျောင်းသားအားကစားပွဲတော်ကြီးက အပြန်ရေးခဲ့သည်ဆိုတော့ကာ ဪ....၂၅ နှစ်တောင်ကြာခဲ့ပြီမို့၊ ငွေရတုသို့ပင် တိုင်ခဲ့ချေပြီတကား။ စိတ်ထဲမှာတော့ မနေ့တစ်နေ့ကအတိုင်းပင်။ သည့်နောက်မှာလည်း နတလဝန်ထမ်းဘဝဖြင့် ချင်းပြည်နယ်(မြောက်ပိုင်း) ဒေသများသို့ သုံး၊ လေးခေါက်မက ရောက်ခဲ့ပါသေးသည်။ ဟားခါးနှင့် ထန်တလန်ကြားက တီးမစ်(သီမြစ်) ချိုင့်ဝှမ်းဒေသအလှကို တစ်ဝကြီး ကြည့်ခဲ့ရဖူးသည်။ တီးတိန်နှင့် တွန်းဇံဒေသဘက်တွေမှာ တိမ်ပင်လယ်ကိုမြင်ခဲ့သည်။ ဒေသခံတိုင်းရင်းသူအချောအလှတွေပေါသော ဖလမ်းမြို့ကိုလည်း ရောက်ခဲ့သည်။ တီးတိန်မြို့ကိုအသွား ကားလမ်းပေါ်က မြောက်ယဉ်စွန်းတန်း ဖြတ်သောနေရာမှာ ဆရာတပည့်တွေ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြတာကိုလည်းမမေ့။ ဆိုရသော် ချင်းပြည်နယ်၏ အလှများနှင့်အမှတ်တရများက နှစ်တွေဘယ်လိုပြောင်းပြောင်း၊ ဟောင်းသွားသည်၊ နွမ်းသွားသည်၊ ရိုးအီသွားသည်ဟူ၍မရှိ။ အမြဲတမ်းလန်းဆန်းလတ်ဆတ်နေသည်သာ။ ချင်းပြည်နယ်ကိုကျွန်တော်ချစ်ပါသည်။ တောင်ဇလပ်ပန်းနီနီများနှင့် အောက်ချင်းငှက်တို့၏ သစ္စာတရားကို ကျွန်တော်တန်ဖိုးထားပါသည်။
Mar 12, 2023
အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး အေးချမ်းသာယာ၍ဖွံ့ဖြိုးတိုးတက်သည့် ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေသည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များအား ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 11, 2023
ကျန်းမာရေးဝန်ကြီးဌာန၏ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) “Myanmar Health Sciences Conference (2023)” ကို မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Myanmar Health Sciences Conference) ၏ အဓိကဦးတည်ချက်ခေါင်းစဉ်အနေဖြင့် အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု (Quality Care in Medical Practice) ဟု သတ်မှတ်၍ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ (Symposium) ၄၉ ခုနှင့် ဆေးလက်တွေ့ဆွေးနွေးခြင်းကဏ္ဍ (Clinical Sessions) လေးခုအပြင် အာရှနှင့် အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင် ၁၁ ဦး၏ Special Talks များကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
Mar 11, 2023
မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီကို ဖွဲ့စည်း၍လည်းကောင်း၊ ပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့ကို ဖွဲ့စည်း၍ လည်းကောင်း လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများကို ရာဇသတ်ကြီး (Penal Code)အရ အရေးယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အဂတိ လိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ်၌ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေကိုပြဋ္ဌာန်း၍ အထူးစုံစမ်းစစ်ဆေးရေးဌာနကို နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုများကို အရေးယူဆောင်ရွက်ခဲ့သည်။
Mar 10, 2023
EV Charging Station များကို Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ Pilot Project အနေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ EV Charging Station များကို မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး EV ကားများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
Mar 10, 2023
လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ တိုးမြှင့်ဆောင်ရွက်ပေးခြင်းကို ကမ္ဘာ့နိုင်ငံများအားလုံးက အင်တိုက်အားတိုက်နှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
Mar 08, 2023
မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရေး၊ အမျိုးသမီးများစွမ်းဆောင်ရည်များ ပိုမိုမြင့်မားစေရေး၊ စံပြုထိုက်သော အမျိုးသမီးများအားဂုဏ်ပြုရေးနှင့် အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းရေး စသည်တို့အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၌ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိပြီး နိုင်ငံအချို့တွင်မူ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။
Mar 07, 2023
လယ်ယာစိုက်ပျိုးရေးတွင် သီးနှံများ အထွက်တိုးတက်စေရေးအတွက် မြေဆီလွှာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာအာဟာရဓာတ်ပြည့်ဝမှသာ သီးနှံများ အထွက်တိုးမည်မှာ တောင်သူဦးကြီးများ သိရှိပြီးဖြစ်သည်။ သီးနှံများအထွက်တိုးစေရေးအတွက် မြေဆီလွှာပြုပြင်ရေးနည်းလမ်း ဆောင်ရွက်ကြရာတွင် မြေဩဇာများကို သုံးစွဲခြင်းသည်လည်း တစ်နည်းအပါအဝင်ဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုကြသော မြေဩဇာများကိုစနစ်တကျ ခွဲခြားကြည့်လျှင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာဟူ၍ သုံးမျိုးတွေ့ရှိနိုင်သည်။ ဓာတ်မြေဩဇာများကို သုံးစွဲခြင်းသည်အပင်ကြီးထွားမှု၊ သီးပွင့်မှုစသည့်အပင်ဇီဝကမ္မဖြစ်စဉ်များကို ချက်ချင်းအကျိုးဖြစ်ထွန်းစေသော်လည်း ရေရှည်သုံးစွဲပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။
Mar 06, 2023
မြန်မာနိုင်ငံသည် သဘာဝမြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝမှုနှင့်အတူ စားရေရိက္ခာ ပေါများသည်။ စားရေရိက္ခာပေါများမှုကြောင့် အသက်မွေးဝမ်းကျောင်းမှုလည်း လွယ်ကူပေါ့ပါးသည်။
