Sep 14, 2020
(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး(55th Meeting of the ASEAN Committee on Culture and Information, 55th ASEAN-COCI Meeeting) ကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူနိုင်ငံမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။
Sep 14, 2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်း အသွားအလာ ကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Sep 14, 2020
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် ပဲခူးတိုင်းဒေသကြီး COVID-19ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ရုံးသို့ စက်တင်ဘာ ၁၄ရက် နံနက် ၉နာရီခွဲက ကမ္ဘောဇ ဘဏ်မိသားစုမှ ပဲခူးမြို့ရှိပြည်သူများအတွက်
Sep 14, 2020
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 14, 2020
မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မာမာအေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 14, 2020
ခေတ်သစ်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 14, 2020
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၀ သည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတား မှတစ်ဆင့် ယနေ့တွင် ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။
Sep 14, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့ နေရသည့် ဂျော်ဒန်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၄ ဦး နှင့် အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား ၆၀ ၊ စုစုပေါင်း ၁၆၄ ဦး တို့အား မြန်မာသံရုံး တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Sep 14, 2020
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉လူနာများအား စေတနာပြည့်ဝစွာ ဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။ ။
Sep 14, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လအတန်ငယ်ကြာပြီးသည့် နောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နောက်ထပ်အသစ်များ ထပ်တိုးလာသည်။ ယခင်ရှိရင်းစွဲ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ် ပစ္စည်းများဖြစ်သော ပလတ်စတစ် အမှိုက်သရိုက်များ အပြင် ကိုဗစ်ကာလအတွင်း စွန့်ပစ် အမှိုက်များဖြစ်သည့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်ဘူးခွံ၊ ပုလင်းခွံများက လူတို့နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်များ တွင်သာမက ပင်လယ်ပြင်အထိပါ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
Sep 13, 2020
ရုံး/ဌာနများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြီးကြပ်သူများ/ တာဝန်ကျဝန်ထမ်းများအနေဖြင့် အချင်းချင်း သတိပေးပြောကြားရမည့် အချက်များ
Sep 13, 2020
မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို Online စနစ်ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 13, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား ၊အိုးဖို နှင့် မြေဇွန်း ကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ရေချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်း ဆိုင်ရာနည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ် ချက်များ၊ သဘာဝမြေဩဇာများ နှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေးအသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကို ပညာပေးဆွေးနွေးသည်။
Sep 13, 2020
ဝံသာနုဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဦးအောင်ကြည်မြိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 13, 2020
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းကေခိုင်အေး က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 13, 2020
ညီညွတ်သောဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာထက်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။
Sep 13, 2020
မြန်မာ ဝိုင်အမ်စီအေနှင့် လားရှိုး ဝိုင်အမ်စီအေတို့ ပူးပေါင်း၍ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) ၏ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဝေငှသည့် လှုပ်ရှားမှုကို စက်တင်ဘာ ၈ ရက်က လားရှိုးမြို့ပေါ် နှင့် ဝင်ထွက်ပေါက် နေရာများ၌ ပြုလုပ်သည်။
Sep 13, 2020
၁။ (၁၂-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 13, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေး ဝါးများဖမ်းဆီးရမိပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Sep 13, 2020
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် video conference ဖြင့် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
