တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့
ပြီးခဲ့သည့်ရက်က ဝန်ကြီးရုံးမှာ အစည်းအဝေး တစ်ခုရှိသဖြင့် ကားဖြင့်ထွက်လာခဲ့သည်။ အစည်းအဝေးက မွန်းလွဲ ၁ နာရီ ဖြစ်သဖြင့် ဇေယျာသီရိမြို့ နယ်ရှိ အိမ်မှ မွန်းတည့် ၁၂ နာရီမှာထွက်ဖြစ်သည်။ မွန်းတည့်နေက အတော်ပူသည်။ ဆီချွေတာသည့်အနေဖြင့် အဲကွန်းမဖွင့်ဘဲ မောင်းလာသည့်အတွက် တစ်ခါတစ်ရံလေပူတို့ အတိုးအဝှေ့ကြောင့် ကားမောင်းရင်း ချွေးပြိုက်ပြိုက်ကျနေသည်။
