Skip to main content
May 25, 2023
ဆောင်းပါး
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်ထုအတွက်ပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများက ယခင်ခေတ်များနှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂကလည်း ကမ္ဘာ့လူဦးရေနေ့ (World Population Day)၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day)အခမ်းအနားများတွင် လူငယ်များနှင့်ဆက်စပ်၍ “လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင်မဖြစ်စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံးရတနာများဖြစ်စေရမည်”
May 25, 2023
ဆောင်းပါး
မိဘတိုင်း မိဘတိုင်းသည် မိမိတို့၏သားသမီးများကိုဆင်စီး၍ မြင်းရံသည်ကိုမြင်ချင်ကြသည်။ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် သားကောင်းသမီးကောင်းဖြစ်လိုကြသည်။ များသောအားဖြင့် မိဘများသည် မိမိတို့သားသမီးများကို အရည်အချင်းကောင်းများ ရှိနေကြသူများဟုသာ ခံယူထားကြ၏။ ဆန်းစစ်လေ့လာတွေ့ရှိချက်အရ ၇၀ ရာခိုင်နှုန်းသောကလေးငယ်များသည် ပတ်ဝန်းကျင်တွင် အသိဉာဏ်အဆင့်အတန်း အတန်အသင့်မြင့်မားကြသည်ဟု ဆိုထားသည်။
May 24, 2023
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည် နှင့်အညီ လူငယ်ထုအတွက်ပြိုင်ဆိုင်မှု များ၊ စိန်ခေါ်မှုများက ယခင်ခေတ်များ နှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂ ကလည်း ကမ္ဘာ့လူဦးရေနေ့ (World Population Day)၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)အခမ်းအနားများတွင် လူငယ်များ နှင့်ဆက်စပ်၍ “လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့ အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင် မဖြစ် စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံး ရတနာများဖြစ်စေရမည်” “လူငယ်များကျန်းမာရေးကောင်းရ မည်၊ လေးစားလောက်သူများဖြစ်ရမည်၊ ပါဝင်စွမ်းဆောင်ခွင့်ရှိရမည်” “လူငယ်များအတွက် သိက္ခာရှိပြီး ထုတ်လုပ်မှုရှိတဲ့ အလုပ်တွေဖွင့်ပေး ကြပါ” စသည်ဖြင့် ဆောင်ပုဒ်များ၊ လှုံ့ဆော်မှု များ၊ ကြွေးကြော်မှုများကို နှစ်စဉ် ထုတ်ပြန်လေ့ရှိသည်။
May 22, 2023
01
ကြေကွဲဖွယ်ရာ နာဂစ်အလွန် ၁၅ နှစ်အကြာ ဆူနာမီထက်ပင်ဆိုးရွားခဲ့‌သော ၁၄၅ မိုင်နှုန်း နာဂစ်ကဲ့သို့ပင် အလွန့်အလွန်အားကောင်းသော တစ်နာရီ ၁၃၇ မိုင်နှုန်း မိုခါဆိုင်ကလုန်းဒဏ်ကို မြန်မာပြည်သူတို့ ရှောင်လွှဲမရ ရင်ဆိုင်ကြုံခဲ့ရပြန်ပါပြီ။ ကြိုတင်မျှော်တွေး၊ ကြိုတင်ပြင်ဆင်၊ အလျင်မြန်ဆုံးတုံ့ပြန်မှုများက အနည်းဆုံးသော ထိခိုက်မှုကိုသာ ဖြစ်စေခဲ့သည်ဟုဆိုရမည်။ ယခုအခါတွင်မူ ပြည်တွင်းအင်အား၊ ပြည့်အင်အားဖြင့် မူလအခြေအနေထက်ပိုကောင်းလာမည့် ယုံကြည်ချက် မျှော်လင့်ချက်များကား ပြန်လည်နိုးထလာပေပြီ။
May 19, 2023
မိုခါ (MOCHA) ပေးတဲ့ မြန်မာ့စွမ်းအား
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်ပါတယ်။ လူသားတို့ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာပေါ်မှာ သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပါတယ်။ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးများ ကျရောက်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်းတို့ ဖြစ်ပါတယ်။
May 18, 2023
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် ကေအင်(န်)ယူ ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်နှင့် ကေအင်(န်)ယူ ထိပ်ပိုင်း အပြောင်းအလဲများနှင့်အတူ “မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့၏ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးများရရှိရေး” စသည်ဖြင့် ဖော်ပြထားသည့် ထုတ်ပြန်ကြေညာချက်များ။
May 18, 2023
01
လေမုန်တိုင်းကျရောက်ပြီးနောက် ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိ ခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားပါက အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။
May 15, 2023
ဆောင်းပါး
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူနှင့် ကျွဲ၊ နွား သေဆုံးမှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းလည်း သေဆုံးမှုများရှိခဲ့သည်။
May 14, 2023
01
ကျွန်တော်တို့ ငယ်စဉ်တုန်းကဒသမတန်းအောင်မြင်ပြီးပါက တက္ကသိုလ်တက်ရောက်ပညာ သင်ကြားရာမှာ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဆိုပြီး တက်ရောက်ကြရပါသည်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေး တက္ကသိုလ်၊ သွားဘက်ဆိုင်ရာတက္ကသိုလ်စသည်တို့ကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ် (Professional Institution) များဟုခေါ်ကြသည်။ ဝိဇ္ဇာ/ သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်တို့တွင် အသီးသီးတက်ရောက်သင်ယူကြရသည်။
May 12, 2023
ကျွန်တော်တို့ငယ်စဉ်တုန်းက ဒသမတန်း အောင်မြင်ပြီးပါက တက္ကသိုလ်တက်ရောက် ပညာသင်ကြားရာမှာ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆိုပြီး တက်ရောက်ကြရပါသည်။ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုနှင့် မွေးမြူရေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ တက္ကသိုလ် စသည်တို့ကို အသက်မွေးဝမ်းကျောင်း တက္ကသိုလ် (Professional Institution) များဟု ခေါ်ကြသည်။ ဝိဇ္ဇာ/ သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် တို့တွင် အသီးသီးတက်ရောက်သင်ယူကြရသည်။