Skip to main content
Mar 18, 2026
ကမ္ဘာမှာ မြန်မာဆိုတဲ့ မြေပုံလေး ထာဝရတည်မြဲနေစေဖို့ ……
အောက်စ်ဖို့ဒ်ဆရာတော်ကြီးက မိန့်ကြားဖူးတယ်၊ “ခက်ခဲကြမ်းတမ်းတဲ့၊ လောကဓံမြေပြင်ဟာ စိတ်နှလုံးကောင်းရှိသူတွေအတွက် ပါရမီဖြည့်ဆည်းရာနယ်မြေပါ”တဲ့။
Mar 17, 2026
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် သွင်းကုန်လုပ်ငန်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ သွင်းကုန်လုပ်ငန်းမှတစ်ဆင့် အခွန်ငွေရရှိမှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သွင်းကုန်များအပေါ်၌ အကောက်ခွန် (Custom Duty)၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (Goods and Service Tax)၊ တန်ဖိုးဖြည့်ခွန် (Value Added Tax) စသည်ဖြင့် အမျိုးမျိုးသော အခွန်အမျိုးအစားများကို ကောက်ခံလေ့ရှိကြပါသည်။
Mar 17, 2026
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်ပြီးကတည်းက ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဘာဆိုင်လို့လဲ ပြောလို့မရတော့ပါဘူး။ စူပါပါဝါနိုင်ငံကြီးတွေရဲ့ ကောင်းမွေ၊ ဆိုးမွေကို ကမ္ဘာ့နိုင်ငံတိုင်း မျှဝေခံစားကြရတာပါပဲ။ အထူးသဖြင့် အိမ်ရှေ့ပူရင် အိမ်နောက်လည်း မချမ်းသာဖြစ်ရတော့တာပဲ။
Mar 17, 2026
ဆောင်းပါး
လေထုညစ်ညမ်းမှုဆိုသည်မှာ သန့်ရှင်းသောလေထုအတွင်း သာမန်မျက်စိဖြင့်မမြင်နိုင်သည့် အမှုန်အမွှားများ (Particulate Matter – PM, PM10, PM2.5)၊ စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကားများမှထွက်ရှိလာသည့် ကာဗွန်မိုနောက်ဆိုက် (CO)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2)၊ ဆာလဖာဒိုင်အောက်ဆိုက် (SO2) နှင့် အိုဇုန်း (O3) ကဲ့သို့သော ဓာတ်ငွေ့များပါဝင်နေသည့် အခြေအနေကိုဆိုလိုပါသည်။
Mar 16, 2026
အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများ အရှိန်တက်၍ ပြင်းထန်လာချိန်တွင် နိုင်ငံအသီးသီး၌ ဈေးကွက်အလှုပ်အခတ်များ ရှိလာသည်။ ထိုဈေးကွက်များထဲတွင် အသိသာဆုံးမှာ နေ့စဉ်လှုပ်ရှား၊ အသုံးပြုနေကြရသော စက်ကိရိယာ၊ ယာဉ်ယန္တရားများအတွက် အရေးပါသည့် စက်သုံးဆီဈေးကွက်ဖြစ်သည်။ နိုင်ငံအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယာဉ်ကြီး၊ ယာဉ်ငယ်အသွယ်သွယ်တို့ တစ်မျှော်တစ်ခေါ် တန်းစီနေကြသည်ကို သတင်းများတွင်‌ မြင်တွေ့နေရ၏။
Mar 12, 2026
မေတ္တာစွမ်းအင်
စွမ်းအင်တဲ့လေ၊ သိပ်လှတဲ့မြန်မာစကားလေး နှစ်လုံးပါပဲ။ နှစ်လုံးပေါင်းလိုက်မှ ပြည့်စုံလွန်းတဲ့ စကားလေးပါလားလို့ ကျွန်မတွေးနေမိတယ်။ စကားလုံးလေး တစ်လုံးတည်းကျပြန်တော့လည်း အဓိပ္ပာယ်က မပြည့်စုံသလောက်စွမ်းဆိုတဲ့ စကားလုံးနဲ့ အင်ဆိုတဲ့စကားလုံးလေး ပေါင်းလိုက်တော့လည်း သိပ်ကို အကျိုးအာနိသင်ရှိတဲ့ စကားလုံးလေးဖြစ်နေပြန် ပါရောလားရှင်။
Mar 11, 2026
လက်ရှိ ဖြစ်ပွားနေတဲ့ အီရန် - အမေရိကန် - အစ္စရေး စစ်ပွဲက ဒုတိယအပတ်ထဲကို ရောက်ရှိခဲ့ပါပြီ။ ဒါပေမယ့် စစ်ပွဲမှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ခေါင်းဆောင်အားလုံးက စေ့စပ်ဆွေးနွေးပြီး စစ်ကိုပြေငြိမ်းဖို့ ဆန္ဒရှိဟန်မတူသေးပါဘူး။ မတူသော အကျိုးစီးပွားတွေ အားပြိုင်မှုကနေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အလုံးစုံပျက်စီးစေဖို့အထိ၊ ခေါင်းဆောင်တွေကို သတ်ဖြတ်ပစ်တဲ့အထိ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ တင်းမာနေဆဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ နှစ်ဖက်ရေနံချက်စက်ရုံ သိုလှောင်ကန်တွေ၊ ရေနံသန့်စင်စက်ရုံတွေကို အပြင်းအထန်ဗုံးကြဲပစ်ခတ်ကြခြင်းဖြင့် တကယ့်စွမ်းအင်စစ်ပွဲ အသွင်တစ်ရပ်ဆီကို ရောက်ရှိခဲ့ရပါပြီ။
Mar 11, 2026
ဆောင်းပါး
တတိယမြောက်ရွေးချယ်စရာလမ်းကြောင်းကတော့ အစိုးရဝန်ထမ်းအဖြစ် မလုပ်ကိုင်လိုဘဲ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကဏ္ဍတွေမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ဆောင်ရွက်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ပူးပေါင်းပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသူတွေကို ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ဦးစားပေးခန့်အပ်သွားမှာ ဖြစ်ပါတယ်။
Mar 10, 2026
ဆောင်းပါး
တစ်လောက စာရေးဆရာ ဒေါက်တာအက်ဒ်ဝပ်ဒီဘိုနို (Edward de Bono) ရေးသည့်စာအုပ်တစ်အုပ်ကို အီးဘုတ်ခ်အဖြစ် ဖတ်ရှုလိုက်ရသည်။ စာအုပ်အမည်က Six Frames: For Thinking about Information ဆိုသည့်စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် “သတင်းအချက်အလက်များအကြောင်း စဉ်းစားတွေးခေါ်ရန် ဘောင်ခြောက်ခု” ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။
Mar 10, 2026
မိုဘိုင်းစက်ပစ္စည်းတစ်ခုချင်းစီအတွက် သီးသန့်သတ်မှတ်ထားသည့် နံပါတ်စဉ်ဖြစ်သော IMEI သည် ယနေ့ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာတွင် အလွန်အရေးပါလှပါသည်။ မိုဘိုင်းလက်ကိုင်ဖုန်းလုံခြုံရေးနှင့် တရားဝင်ဖြစ်မှုမှစ၍ အခြားနိုင်ငံ၏ မိုဘိုင်းကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်သည့်နည်းပညာ (နိုင်ငံတကာ Roaming) ကို အသုံးပြုနိုင်ရန်အထိ IMEI သည် မိုဘိုင်းနည်းပညာတွင်  အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေပါသည်။