မုန်းသူကို ချစ်ခင် အကြမ်းမဖက်ရေးလမ်းစဉ် လိုက်ကြဖို့ အချိန်တန်ပြီ
အမြော်အမြင်ကြီးမားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အယူဝါဒမတူညီသည်ဖြစ်စေ အချင်းချင်းငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ ပြဿနာတစ်စုံတစ်ခုကြုံလာရင် ပွင့်လင်းစွာ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြေလည်မှုကို ရနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်သတ်အမြင်၊ အတ္တအစွဲတွေနဲ့ ဖြေရှင်းနေတာတွေကြောင့် အကျယ်အကျယ် မငြိမ်းနိုင်ဖွယ် မီးတောက်တွေသဖွယ် လောင်ကျွမ်းနေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ မြေစာပင်သဖွယ် ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ကြတာတွေကို စိတ်မကောင်းဖွယ် ကြားသိနေရပါတယ်။
