နေပြည်တော် ဧပြီ ၁၇
ပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီခွဲတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး ဝေဟင်မှပရိတ်ရေများ ပက်ဖျန်းပေးကြသည်။
ဦးစွာ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနေမိန္ဒ အမှူးပြုသော ဆရာတော်ကြီး ခြောက်ပါးတို့က တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်မှ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်တော်မူကြသည်။
ကုသိုလ်ယူ ပါဝင်ဆောင်ရွက်
ထိုသို့ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်၍ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ တပ်မတော်မှတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ဆရာတော်ကြီးများ၏ ကပ္ပိယကာရကအဖြစ်လိုက်ပါ၍ ပရိတ်ရေများကို နေပြည်တော် ဝေဟင်ရဟတ်ယာဉ်ပေါ်မှပက်ဖျန်း၍ ကုသိုလ်ယူ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်
